FIND OUT WHAT NEXT

RETURN FLIGHT အတွက်စျေးနှုန်းသက်သာခြင်း

RETURN FLIGHTစျေးနှုန်းကပထမflightထက် ပိုမိုသက်သာပါတယ်။ အသေးစိတ်သိလိုလျှင် နည်းပြကိုမေးပါ။

Membership လေးလုပ်ထားရအောင်

ဆွဲဆောင်မှုရှိတဲ့ စျေးနှုန်းတွေ၊ တခြားအခွင့်အလမ်းတွေနဲ ့ Indoor Skydiving Yangon ရဲ့ Member အဖြစ်လက်မှတ်ထိုးကြရအောင်လား။
အသေးစိတ်သိလိုလျှင် indoorskydivingyangon@gmail.comသို ့ဆက်သွယ်ပါ။

ပျံသန်းနေတဲ့ဓာတ်ပုံနဲ ့ဗွီဒီယိုများ

ဓာတ်ပုံနဲ ့ဗွီဒီယိုလေးတွေ ဝယ်ထားရင် သင့်ရဲ့စိတ်လှုပ်ရှားရင်ခုန်စွာပျံသန်းနေချိန်လေးကိုဓာတ်ပုံနဲ ့ ဗွီံဒီယိုမှတ်တမ်းတင်ပေးမှာဖြစ်ပါတယ်။

သင့်ရဲ့ မှတ်ချက်ဟာကျွန်ုပ်တို ့အတွက်အရမ်းအရေးကြီးပါတယ်။

သင့်ရဲ့ ပျံသန်းခြင်းအတွေ ့အကြုံနဲ ့ မှတ်ချက်ကိုindoorskydivingyangon@gmail.comဆီအီးမေးလ်ပို ့ပေးခြင်းဖြင့်ကူညီပါ။

instructor

ပျံသန်းကြရအောင်။

အတွေ ့အကြုံရှိစရာမလိုပဲလူတိုင်းပျံသန်းနိုင်ပါတယ်။

လူတိုင်းပျံသန်းနိုင်တဲ့နေရာလေးပါ။ ပျံသန်းဖို ့စဉ်းစားနေရင် ပျံသန်းဖို ့စိုးရိမ်ကြောင့်ကြနေရင်+95 9340062000, 09 766699111, 09 766699222, indoorskydivingyangon@gmail.comသို ့ဆက်သွယ်လိုက်ပါ။ အသေးစိတ်ရှင်းပြပါမယ်။

ပျံသန်းမည့်သူ၏အချက်အလက်များ

အများစုပျံသန်းနိုင်ပါတယ်။ သင့်ရဲ့နည်းပြဆရာတွေကသင့်အတွက် အသင့်တော်ဆုံးဖြစ်အောင်နဲ ့ သင့်အတွက် အကောင်းဆုုံးပျံသန်းမှုအတွေ ့အကြုံရအောင် ဆောင်ရွက်ပေးကြမှာပါ။
သင်ဟာကျန်းမာရေးပုံမှန်ရှိနေခဲ့ရင် သာမာန်ကိုယ်လက်လှုပ်ရှားမှုအနေနဲ ့ပျံသန်းလို ့ရပါတယ်။ သာမာန်အခြေအနေတခုအဖြစ်သာflight chamber ကိုတွန်းကန်ရင် အဆင်ပြေပါပြီ။ သင့်ရဲ့ကိုယ်အလေးချိန်ဟာကီလို ၂၀ နဲ ့ ကီလို ၁၂၀ ကြားထဲရှိရပါမယ်။ ပျံသန်းဖို ့အတွက် သင့်မှာသံသယတခုခုများရှိခဲ့ရင် indoorskydivingyangon@gmail.comကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ကလေးများအတွက် ၅နှစ်မှစပြီး ပျံသန်းနိုင်ပါပြီ။ အသက်၁၈နှစ်အောက်ကလေးများအတွက် မိဘ (သို ့) အုပ်ထိန်းသူမှ Access Form (waiver) မှာအချက်အလက်များဖြည့်စွက် လက်မှတ်ရေးထိုးရပါမယ်။

အောက်ပါကျန်းမာရေးဆိုင်ရာအခြေအနေရှိသူများသည် ပျံသန်းလို ့မရပါ။
• အရိုး၊ အဆစ် နှင့် ကြွက်သားပိုင်းဆိုင်ရာရောဂါပြဿနာများ။
• ယခင်ကပခုံးအဆစ်လွဲဖူးသူများ။
• နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ နှလုံးခုန်စက် တပ်ဆင်ထားသောသူများ၊ နှလုံးရောဂါရှိသောသူများ။
• အရက်၊ မူးယစ်ဆေးဝါးသုံးစွဲထားသူများ (သို ့) မူးယစ်ဆေးဝါးစွဲနေခြင်း။
• စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးပစ္စည်းများ သုံးစွဲထားခြင်း။
• ကောင်းမွန်စွာမကျက်သေးသောထိခိုက်ဒဏ်ရာရှိနေခြင်း (သို ့) ဖျားနာနေခြင်း။
• အတက်ရောဂါ၊ ရုတ်တရက်မူးမေ့လဲတတ်ခြင်း၊ အကြောဆွဲခြင်းစသည့်ရောဂါတခုခုရှိခြင်း။
• ကိုယ်ဝန်ရှိိနေခြင်း။

HOW TO PREPARE TO FLY

သင်ပျံသန်းနေချိန်အတွင်းလွတ်လပ်စွာရွေ ့လျားနိုင်ဖို ့အရေးကြီးပါတယ်။ ထို ့ကြောင့်
• သက်တောင့်သက်သာရှိတဲ့အဝတ်အစားကို ရွေးခြယ်ဝတ်ဆင်သင့်ပါတယ်။ ကော်လာမပါတဲ့ရှပ်အကျီင်္နဲ ့ ရှုးဖိနပ်ဝတ်ဆင်ဖို ့အကြံပေးပါတယ်။
• တကယ်လို ့ရှုးဖိနပ်မဝတ်ဆင်ခဲ့လျှင် ကျွှန်ုပ်တို ့ထံငှားရမ််းနိုင်ပါတယ်။
• ပျံသန်းအကျီ၊ လက်အိတ်၊ ဦးထုတ်၊ နားကြပ်နှင့် မျက်မှန်များကိုငှားပေးပါမယ်။
• လက်ဝတ်ရတနာများနှင့် တခြားအဖိုးတန်ပစ္စည်းများကိုအိမ်မှာထားခဲ့ဖို ့ရန်အကြံပေးပါတယ်။ ပျံသန်းနေချိန်အတွင်းအထက်ပါပစ္စည်းများဝတ်ဆင်ခွင့်မပြုပါ။ သိမ်းဆည်းရန် လော်ကာများလဲအဆင်သင့်ရှိပါတယ်။
• ဆံပင်ရှည်သောအမျိုးသမိီးများဆံပင်ကို စည်းနှောင်ထားရန်တိုက်တွန်းပါတယ်။

• အချိန်မှီလာခဲ့ကြပါ။ လေ့ကျင့်ရန်အတွက် မပျံသန်းခင် ၁နာရီအလို အရောက်လာခဲ့ဖို ့လိုအပ်ပါတယ်။ peak hours အတွက် လက်မှတ်ကြိုတင်ဝယ်ယူထားကြသူများ ခရီးသွားအချိန်ကိုထည့်သွင်းစဉ်းစားကြိုတင်ပြင်ဆင်သင့်ပါတယ်။ နောက်ကျသူများအတွက် ပျံသန်းရန်အချိန်ကိုavailabilityပေါ်မူတည်ပြီးပြန်လည်နေရာချထားပေးမှာဖြစ်ပါတယ်။ ပျံသန်းပြီးတဲ့အခါ အစားအသောက်များကို ဝယ်ခြမ်းစားသုံးလို ့ရပါတယ်။ လက်ဆောင် ရရှိတဲ့လက်မှတ်များကိုတပါတည်းယူဆောင်လာဖို ့လိုအပ်ပါတယ်။ စိတ်ကိုသက်တောင်သက်သာလျော့ချပြီး ဘဝအတွက် မမေ့နိုင်တဲ့အတွေ ့အကြံူလေးကိုယူကြရအောင်လား။

We'd Love To Hear From You

Address:

TAWWIN STREET,
9 MILE, MAYANGONE,
YANGON, MYANMAR

Phone:

(95) 9 340062000
(95) 9 766699111
(95) 9 766699222

Hours:

Mon-Fri 9am – 9pm
Sat-Sun 9am – 9pm

09766699222  Viber : 09766699222
09766699111  WeChat : 09766699111
09766699111  Whatsapp : 09766699111